Thursday, August 16, 2018

Top Programming Languages For Hackers (part 2&3)



အားလုံးပဲ မင်္ဂလာပါ။ကျတော်က ဟိန်းအာကာပါ
Technical Channel မှ ကြိုဆိုပါတယ်။
ဒီနေ့ကျတော် ကျောင်းလစ်တယ်ဗျ အားနေတယ်ပေါ့ 😁😁
အကြောင့် part-2 နဲ့ 3 ကို တစ်ခါတည်း ပေါင်းရေးတော့မယ်ဗျာ

2.Exploit Writing
 
    exploit ရေးတယ် ဆိုတာ အကြမ်းဖျင်းအားဖြင့်ပြောရရင် vulnerable ဖြစ်နေတဲ့ system ဒါမှမဟုတ် web ကို တိုက်ခိုက်ဖို့အတွက် ရေးသားထားတဲ့ instruction များစွာ ပါဝင်တဲ့ code အစုအဝေးတစ်ခုဖြစ်ပါတယ်။ဥပမာ facebook acc တွေကို brute-forcing method နဲ့ တိုက်ဆိုက်မယ်ဆို hacker အများစု အသုံးပြုကြတာက python programming language ဖြစ်ပြီး ရေးသားထားတဲ့ file တွေကို internet ကနေ free download ရယူပြီး note editor တစ်ခုခုမှာ
text အနေနဲ့ ဖွင့်ကြည့်ကာ အထဲက codes တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။အဲ့တော့ python အကြောင်းလေးပြောချင်ပါတယ်။

(1)Python



     Python က အရမ်းကို powerfulဖြစ်ပြီး high-level and dynamic language တစ်ခုလည်းဖြစ်ပါတယ်။ Security researchers အများစုနဲ့ pro hacker အများစုကတော့ hacking ကို လေ့လာမယ်ဆို python ကို အရင်လေ့လာဖို့ recommend ပေးကြပါတယ်။ python မှာ modules များစွာ ပါဝင်ပြီး အသုံးလိုရင်လိုသလောက် third-party library ကနေလည်း ရယူနိုင်ပါတယ်။python ကို Mac OS နဲ့ Linus OS တို့မှာ build-in ပါဝင်ပြီး Window OS မှာ တော့ path လမ်းကြောင်းပြန်ညှိပေးမှ command promt မှာ သုံးလို့ရမှာ ဖြစ်ပါတယ်။အကြမ်းဖျင်း python script တစ်ခုကို အောက်က ဥပမာကို လေ့လာကြည့်ပါ။python က လေ့လာရ လွယ်ပါတယ်။




(2)C,C++



     C နဲ့ C++ ကိုတော့ shell script ရေးတဲ့အခါမှာ အသုံးများပြီး computer system တွေကို အဓိကထား တိုက်ခိုက်တဲ့ခါ သုံးပါတယ်။ ဒါအပြင် Keylogger, Malware, Worm စတဲ့ virus program တွေကို ရေးသားရာမှာလည်း အသုံးများပါတယ်။
ဒီကောင်က high-level language ဖြစ်ပြီး python လိုတော့ လေ့လာရမလွယ်ကူတဲ့ languages ဖြစ်ပါတယ်။
C,C++ ဟာ OS မျိုးစုံးမှာ run နိုင်ပြီး linus နဲ့ window လိုမျိုး နာမည်ကြီး OS တွေမှာလည်း assemble ပြီးရင် ဒုတိယ အရေးပါဆုံး programming languages တွေဖြစ်ပါတယ်။

(3)Ruby




       Ruby ဟာ ဆိုရင်လည်း လေ့လာရ ရူပ်ထွေးတဲ့ language တစ်ခုပါပဲ။ ဒီကောင်ကလည်း အရမ်း powerful ဖြစ်ပြီး hacker တွေရဲ့ လက်စွဲ tool တစ်ခုဖြစ်တဲ့ metasploit framework ဆိုတာ Ruby  နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

3.Reverse Engineering
    Reverse Engineering ဆိုတာ binary codes တွေကို မူလ source codes တွေ အဖြစ်ကိုပြန်ပြောင်းလုပ်ဆောင်ရတာ ဖြစ်ပါတယ် ။Reverse Engineering အတွက် ကတော့ C,C++ နဲ့ Assembly တို့ကို လေ့လာဖို့ အကြံပြုချင်ပါတယ် ။

တကယ်လို့ ကျတော်မှားရေးတာများ ရှိခဲ့ရင် အောက်မှာ comment လေးတွေပေးပြီး အကြံပြုကြပါဦးဗျာ။အားလုံးကို ကျေးဇူးတင်ပါတယ်။

1 comment:

C++ Function များ

Zawgyi C++ မှာ fumction တွေကို အသုံးပြုပုံ ===========+==========+=========== ကျတော်တို့ computer ကို လုပ်စေချင်တဲ့ processes တွေ...