Sunday, September 16, 2018
C++ Function များ
Zawgyi
===========+==========+===========
ကဲစမယ်.....
#Hein Arkar
-Wtobe Shining Star
Unicode
C++ မှာ fumction တွေကို အသုံးပြုပုံ
===========+==========+===========
ကျတော်တို့ computer ကို လုပ်စေချင်တဲ့ processes တွေကို statement လေးတွေရေးပြီ ဘယ်ဟာကို ဘယ်လိုလုပ်မယ် ဒီဟာဖြစ်ရင် ဟိုဟာကိုပါ ဆက်လုပ်မယ် စတဲ့ instructions တွေပါတဲ့ codes တွေကို ရေးတယ်ပေါ့နော် ။ဒီတော့ငါတို့လည်း သိတာပေါ့လို့ တွေးကောင်းတွေးနိုင်ပါတယ်။ 😁😁 ကျတော်ပြောချင်တာက codes တွေကို main() ထဲပဲ ရေးနေရင်တော့ ဒီနေ့ရေးပြီး နောက်နေ့ပြန်ကြည့်တဲ့ခါကျရင် ရူပ်နေတတ်ပါတယ် အဲဒါကြောင့်လဲ programmer တွေ ဟာသ အနေနဲ့ ပြောကြတာက ' a day before only God and me know, but now only God know ' ဆိုပြီးတော့ပေါ့။
ဒါမျိုးက beginners တော်တော်များများ ဖြစ်နေကြပါ ကျတော်လည်း လေ့လာတာ သုံးလ တောင်မပြည့်သေးဘူးဆိုတော့ ကျတော်လည်း beginner 😪😪 ပါပဲ။ ကဲကဲ အကြောင်းရာကို ဆက်လိုက်ကြရအောင် အဲ့လို code တွေ complex ဖြစ်တဲ့ ပြသနာ ကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ main() ထဲမှာ တခြား function ခွဲတွေ ခေါ်သုံးဖို့ပါ ။ဒီ subfunction တွေကို ခွဲသုံးရတာက အဓိက ရည်ရွယ်ချက်နှစ်ခု ရှိတယ်ဗျ ။ 
(1) code တွေ ရှင်းလင်းမူရှိအောင်
(2) အကြိမ်ကြိမ်လုပ်ဆောင်ရမယ့် process တွေအတွက် အချိန်ကုန်သက်သာအောင်ပါ
အပေါ်က (2)ချက်က programmer တွေတွက် မှန်ပေမယ့် hacker တွေအတွက်တော့ (3)ချက်လို့ပြောရမယ်ဗျ ။ပိုသွားတဲ့အချက်ကတော့ harmful ဖြစ်စေမယ့် virus တွေရေးဖို့ပါ။ ဘယ်လိုရေးလဲ ဆိုတော့ကာ 😙အဟွန်း အဟွန်းပြောပြီနော် ဥပမာ a နဲ့ b ဆိုတဲ့ process နှစ်ခု ရှိတယ်ဆိုပါစို့ဗျာ a ထဲမှာ b ကို ပြန်ခေါ်သုံးမယ့် function ပါသလို b ထဲမှာလည်း a ကို ပြန်ခေါ်ပေးမယ့် function ပါမယ့်ပေါ့ဗျာ 
ကဲ a ကနေ စအလုပ်လုပ်မယ် ဗျ ဒီကောင်ကို anti-virus ကသိပြီး ဖြတ်လိုက်မယ် ဆိုပါစို့ a က ပျက်သွားရင် b ကို ဆက်အလုပ်လုပ် လုပ်မယ် အဲ့မှာ b ထဲမှာ a က ပျက်သွားခဲ့ရင် a ကို ပြန်လုပ်ပါဆို့တဲ့ function ပါလာပြီဆိုင်ရင် ခနကလိုပဲ anti-virus က b ကို virus မှန်းသိလို့ ဖျက်လိုက်ပါဦး a ကပြန်အလုပ်လုပ်မယ် a ထဲမှာလည်း b ကို ပြန်ခေါ်ထားမယ်ဆိုရင် a ကို ဖျက်လိုက်ရင် b ကို ပြန်အလုပ်လုပ်မယ် ကဲသေပြီလေ ။တစ်ချို့ VB တို့ .Net တို့နဲ့ ရေးထားတဲ့ malware တွေက OS ရွေးတယ်ဗျ C,C++ က တော့အဲ့လို မဟုတ်ဘူး ခင်ဗျားသာ ဧတဒတ် ရပြီးသား hacker တစ်ယောက်ဖြစ်ခဲ့မယ်ဆို user က တစ်ချက်မှားလိုက်တာနဲ့ system ကြီးတစ်ခုလုံး access ရနိုင်ပြီး ကြိုက်သလို controll လုပ်လို့ရပါတယ်။ ဘာလို့ဆို C, C++ နဲ့ Assembly ဆိုတာက OS ဖန်တီးတဲ့ခါ မပါမဖြစ်ပါရတာမို့လို့ပါ ဒီ languages တွေက hardware နဲ့ ချိတ်ပြီး kernel က တစ်ဆင့် ထိန်းချုပ်အလုပ်လုပ်လို့ပါ ။ ကဲမဆီမဆိုင်တွေတော့ ပြီးပြီဗျာ စာဖတ်သူလည်း ဗဟုသုတ ရောက်လောက်ရောပေါ့ ဒါဆို function ပါတဲ့ C++ program တစ်ပုဒ် စကြည့်လိုက်ရအောင်ဗျာ 
ကဲစမယ်.....
အရင်ဆုံး processing directive ခေါ်ထည့်တယ် အသေးစိတ်ကိုတော့ Array in C++ ဆိုတဲ့ page မှာ ပြန်ကြည့်ပါ main() function က စအလုပ်လုပ်မယ်။
ထိပ်စီးပိုင်းက ပုံမှန်ရေးနေကြအတိုင်းပဲ line 3 မှာ void fun(int i=0, intj=1) မှာ void ဆိုတာ valueless လို့ပြောတာပါ fun ဆိုတာက function name ပါ ကြိုက်သလိုပေးလို့ရပါတယ် သု syntax နဲ့ ညီအောင်တော့ ပေးပေါ့ဗျာ parthesis '()' ထဲက int i နဲ့ j ကို argument လို့ခေါ်ပါတယ် ပြီးတော့ သူတို့ ထဲမှာ 0 နဲ့ 1 ဆိုတဲ့ values လေးတွေ assign လုပ်ထားတယ်နော် ။ဟုတ်ပြီ အဲ့ fun ဆိုတဲ့ function ကို void type main() အပြင်ဘက် နဲ့ ပေါ်ဘက်မှာ ကြေညာထားတာက main() ဆီကို return ပြန်မယ့်ကောင်က void အမျိုးအစာလို့ပြောတာဖြစ်ပါတယ် ။ တကယ်လို့ double fun လို့ကြေညာထားရင် return ပြန်မယ့်ကောင်က double အမျိုးစားပါ ။ void မှာတော့ အဲ့ function ထဲမှာပဲ statement တွေကို တိုက်ရိုက် execute လုပ်လိုက်မှာ ဖြစ်ပြီး main() ဆီကိုတော့ ဘာ တန်ဖိုးမှ return ပြန်လို့ရမှာ မဟုတ်ပါဘူး ။ ဥပမာ d = a*n; return d;ဆိုရင်တော့ error ဖြစ်သွားမှာပါ အကယ်လို့ return d အစား cout << d; ဆိုပြီး ရေးမယ်ဆိုရင်တော့ မှန်ပါတယ် aနဲ့n ရဲ့ မြောက်လဒ်ကို ထုတ်ပေးမှာပါ။ အဓိက ပြောချင်တာက ကိုယ်က return ပြန်မယ့် fun ရဲ့ အမျိုးစားကို သေချာ ကြေညာဖို့ပါပဲ ။ line 9 မှာ fun(2,3) ဆိုပြီး ရေးထားတယ်နော် ဒါကို run တဲ့ခါကျ compiler က fun ဆိုတဲ့ function ဆီကို သွားမှာဖြစ်ပြီး အဲ့ function ထဲမှာ ရှိတဲ့ statement တွေကို execute လုပ်ပြီး result ထုတ်ပေးမှာ ဖြစ်ပါတယ် ။ အဲ့တော့ i ရဲ့နေရာမှာ 2 ဝင်သွားပြီး j မှာတော့ 3 ဖြစ်သွားပြီပေါ့ cout ဆိုပြီး "" ထဲရှိတဲ့ကောင်တွေကို screen မှာ ထုတ်ပေးမယ် ပြီး i တန်ဖိုးထုတ် ပြီးရင် j တန်ဖိုးထုတ်မယ် နားလည်ပါတယ်နော် ။ ဒီမှာ တစ်ခုုဖတ်ပြောချင်တာက main() အောက်နားက fun(int b,int c) ဆိုပြီးတော့လည်း declare လုပ်ပေးလို့ရပါတယ် ပြောချင်တာက argument အရေအတွက် တူရင် အလုပ်လုပ်ပါတယ် ဗျာ။funtion တွေကို declare လုပ်တဲ့ argument အရေတွက်ကို မတူပဲ function name တစ်ခုထဲပေးလို့ရပါတယ်။ ပြီးတော့ နောက်တစ်ခုက function တွေကို main() အပေါ်မှာပဲ ရေးမယ်ဆိုရင် အပေါ်တစ်ခါ အောက်တစ်ခါ နှစ်ခါ declar လုပ်စရာမလိုပါဘူး။ line 11 မှာfun(4) တစ်မျိုးတည်းရေးထားတာက i တန်ဖိုးကိုသာ ပြောင်းလဲပြီး j တန်ဖိုးကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး ။ 
j တန်ဖိုးကိုပဲ ပြောင်းချင်တယ် ဆိုရင်တော့ i တန်ဖိုးလိုက်ပြန်ထည့်တာပဲ ဖြစ်ဖြစ် variable တစ်ခုခုကို main() ထဲမှာ local အနေနဲ့ declar လုပ်ပြီး pass လုပ်စေတာပဲ ဖြစ်ဖြစ် ရပါတယ်။
return 0 ကတော့ program ပြီးဆုံးပြီလို့ အတိအလင်းကြေညာလိုက်တာပါ။ မပါလည်း ရပါတယ်။နောက်မှ local နဲ့ global အကြောင်းကို post သက်သက် တင်ပေးပါ့မယ် အားလုံးပဲ enjoy ပါ C,C++ က ဘာသာအားလုံးရဲ့ mother language ဖြစ်တဲ့အတွက် လေ့လာရ ခက်ခဲပီး pro အဆင့်ထဲ ဖြစ်သွားပြီ ဆိုရင်လည်း အခြား language တွေကို လေ့လာဖို့ လွယ်ကူသွားမှာပါ။
#Hein Arkar
-Wtobe Shining Star
.hide { text-indent: 100%; white-space: nowrap; overflow: hidden; }li a { display: block; width: 40px; height: 40px; background-image: url(social.png); } li a.twitter { background-position: 0 0; } li a.fb { background-position: 0 -40px; } li a.gplus { background-position: 0 -80px; } li a.linkedin { background-position: 0 -120px; } li a.dropbox { background-position: 0 -160px; } li a.pinterest { background-position: 0 -200px; }
No comments:
Post a Comment
C++ Function များ